ကျနော့်ဘလော့ကို မျက်စိလည် လမ်းမှားပြီး ရောက်လာကြသော ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျမ်းမာခြင်းဖြင့် ပြည့်စုံကြပါစေ-

ရက္ခိုင်ြ့ပည်တပ်မတော်(AA) ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်


 
ရက္ခိုင်ြ့ပည်တပ်မတော်(AA) ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်ရေအဖွဲ့ ရခိုင်အမျိုးသားညီလာခံ(ကျောက်ဖြူ)ကို တက်ရောက်လာရေကိုယ်စားလှယ်အဖွဲ့ရေ ကချင်ပြည်နယ်သို့ အပြန်မှာ စစ်တွေက ဖြတ်လားဖို့ဖြစ်ပါရေ။ ယင်းအတွက်နန့် နက်ဖြန် ၄၊ ၅၊ ၂၀၁၄ ရက် ညဇာဖက် ၄ ချက်တီး ပတ်ဝန်းကျင်လောက်မှာ ရွှေပြန်တန်သင်္ဘောနန့် ကျောက်ဖြူမြို့က စစ်တွေမြို့သို့ ရောက်ဟိလာဖို့ ဟိပါရေလို့ သိယှိရပါရေ။

သေနပ်ကိုင်ရေ လက်တစ်ဖက်နှင့် ကလောင်ကိုင်ရေ လက်တစ်ဖက် လက်ချင်းချိပ် ရင်ချင်းအပ်မိရေအခါ

သူ .. အသားမဲမဲ
ခမိုက်မိုက်ရုပ်နန့်
ဆီးထိုးအပ်ကို စွန့်ဗျာလ်
သေနတ်ကိုင်လျှက်
တိုင်းပြည်အတွက်
အသက်ကို ပီးလှူ
အပုပ်ကောင်ကို ရုပ်ဆောင်နီရေ
ဒေခန္ဓာကိုယ်ကို
အိပ်ရာနိုးဗြီးစော်နန့်
သရဏဂုံတင်
အဖပြည်အတွက် အသင့်ဟိပြီးသားလတ်။

“လူနာကို ဆီးကူးပီးကေ
လူတစ်ယောက်ရာ အသက်ရှင်ဖို့၊
သေနတ်ကိုင်ဗျာလ်
မားမားရပ်လို့ ယှေ့ထွက်တိုက်ကေ
တစ်တိုင်းပြည်လုံး ကျန်းမာဖို့လတ်။”

သူရဲကောင်းကြီး ချီးဂွေဗားရာစကား
နှလုံးမူလျှက် တရားရေ တိုက်ပွဲ
ဆက်လက်နွဲကာ
တိုင်းပြည်သာစေ မာပါစေကြောင်း
နိတိုင်းဆုတောင်း
တိုက်ပွဲ ၀င်မြဲ ၀င်မြဲဆဲလတ်။

ဝေဟင်အောင်
၃၊ ၅၊ ၂၀၁၄။

1 comment: